မြောက်ဥက္ကလာပ ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ မယ်လမုဘုရားဝန်း သုံးထပ်ဓမ္မာရုံရှိ အခမဲ့ဖျားနာကုဆေးခန်း (Fever Clinic) တွင် ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီ အထိ အထွေထွေရောဂါကု သမားတော် ဒေါက်တာလင်းထိန်ဝင်းက လူနာများအား အခမဲ့လက်ခံ ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမဲ့ဖျားနားကု Fever Clinic ဆေးခန်းကို မြောက်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆရာဝန်ကြီးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ပြီး ဆေးခန်းတွင် လူနာများလက်ခံကုသပေးခြင်း၊ ကိုဗစ် ရောဂါရှိ/မရှိစစ်ဆေးပေးခြင်း၊ ရောဂါတွေ့ရှိပါက ကုသမှုပေးနိုင်ရန် ဆောင်ရွက်ခြင်း၊ လိုအပ်ပါက ဆေးရုံများသို့ လွှဲပြောင်းကုသခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြဝင်း