သုံးခွ ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာရှိသူ(၈)ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမှတ်(၃)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ ဆယ်ရွာကျေးရွာမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၂)ဦးတွင် ပိုးတွေ့ရှိကြောင်း သိရှိရသည်။
သုံးခွမြို့နယ်တွင် ယမန်နေ့ ညနေအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအတည်ပြုလူနာ စုစုပေါင်း(၂၆၂)ဦးရှိပြီး သတ်မှတ်ရက်(၁၁)ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ(၂၁၅)ဦးရှိကာ သေဆုံးသူ(၃၈)ဦးရှိကြောင်း သိရသည်။ သုံးခွမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ပိုးတွေ့အတည်ပြုလူနာ (၆)ဦး၊ မိုးကုတ်ဓမ္မရိပ်သာ စင်တာတွင်(၃)ဦးရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ(၉)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရှိရသည်။ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များ စည်းကမ်းချက် များနှင့်အညီ နေအိမ်တွင် နေထိုင်ကြရန် တာဝန်ရှိသူများက မှာကြားခဲ့ကြောင်း သိရှိရသည်။
သုံးခွမြိုနယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးနှင့် ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုံးခွမြို့ပြည်သူ့ဆေးရုံ သီးသန့်ဆောင်နှင့် မိုးကုတ်ဓမ္မရိပ်သာစင်တာတို့တွင် ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလုပ်အားရှင်များ၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ အထောက်အကူပြု ကော်မတီဝင်များက နေ့ညမပြတ် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။ ထို့ပြင် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ အသိပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။