ဒဂုံမြောက် ဩဂုတ် ၁၃
Covid-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ် ထောက်ပံ့ငွေ အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် နှစ်သောင်း ကျပ်စီ ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇) ရပ်ကွက်တွင် အိမ်ထောင်စု (၁၀၃၅၄)စု မအား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ယနေ့ နံနက် ၉ နာရီက အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးတို့မှ ဒဂုံမြိို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၁)ရပ်ကွက် အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ ဒဂုံမြိို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၃၅၄)စုရှိပြီး နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ၂၀၇၀၈၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ သိရသည်။
မြင့်ရီ(ပြန်/ဆက်)