ဖလမ်းမြို့၌ကိုဗစ်၁၉ရောဂါကာကွယ်ဆေး(VeroCell)ဒုတိယအကြိမ်ထိုနှံရေးအသိပေးနှိုးဆော် ဆောင်ရွက်

ဖလမ်း ဩဂုတ် ၂၈

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေး ဆော်ဩခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell)ဒုတိယအကြိမ်လာရောက်ထိုးနှံရေးနှိုးဆော်ခြင်းတို့ကို ဩဂုတ် ၂၈ ရက်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းကာဖလမ်းမြို့ပေါ်ရပ်ကွက်များတွင် လိုက်လံအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။။

ထို့သို့ဆောင်ရွက်ရာ ကိုဗစ်-၁၉‌ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာထုတ်ပြန်ချက်များကို အလေးထားလိုက်နာဆောင်ရွက် ကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Vero Cell) ပထမအကြိမ်ထိုး နှံပြီးသူများ ဒုတိယအကြိမ်ကာကွယ်ဆေး မပျက်မကွက်လာရောက် ထိုးနှံကြရန်တို့ကို အသိပေးဆော်ဩ ဆောင်ရွက်ခဲ့ကြသည်။ထို့နောက် ပြည်သူများနေဖြင့် နေအိမ်ပြင်ပထွက်ခွာလျှင်လည်းကောင်း၊ ဈေးရောင်းဈေးဝယ် သွားလာ လျှင်လည်းကောင်း မြို့နယ်ကိုဗစ်-၁၉ကော်မတီ၏ပြင်ပ ထွက်ခွာ ခွင့်ကတ်ပြားများ ကိုင်ဆောင်ထားခြင်းရှိမရှိတို့ကိုစစ်ဆေးခဲ့ကြ သည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Vero Cell)ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဖလမ်းမြို့၌ ၃၀.၈.၂၀၂၁ ရက်နေ့မှ ၃၁.၈.၂၀၂၁ ရက်နေ့အထိ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမတွင် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအသိပေးဆော်ဩခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး‌ပေါင်ဒိတ်တုန်ဦးဆောင်၍၊ ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

 ခရိုင် (ပြန်/ဆက်)