မောက်မယ် သြဂုတ် ၂၈
ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက်နှင့် ပြည်သူများအားလုံးကို ယနေ့နံနက်ပိုင်း၉နာရီမှစ၍ COVID-19ရောဂါ ကာကွယ်ဆေးကို ပထမ အကြိမ်ထိုးနှံခဲ့သည့် ယခင်စုရပ်တွင် ဆေးထိုးပြီးသောဖြတ်ပိုင်းနှင့် မှတ်ပုံတင်တစ်ပါ တည်း ယူဆောင် သွားရမည်ဖြစ်ပြီး စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ ကာကွယ်ဆေးထိုး စုရပ်တွင် ဒုတိယအကြိမ် စတင်ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ တို့က လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်ပေးခြင်းနှင့် စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး COVID-19 ရောဂါ ကာကွယ်ဆေးကို တရုတ်နိုင်ငံထုတ်အမျိုးအစား ကာကွယ်ဆေးအား ဆေးတစ်လုံးလျှင် လူတစ်ယောက်နှုန်းဖြင့် မောက်မယ်မြို့ပေါ် ရပ်ကွက်အတွင်း စတင်ထိုးနှံပေးပြီးCOVID-19 ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံသည့် စုရပ်တွင် မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ COVID-19ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးမည့်အစီအစဉ်ကို မောက်မယ် မြို့နယ်အတွင်းရှိ ကျေးရွာများအသီးသီးတွင်လည်း ဆက်လက်ထိုးနှံဆောင်ရွက်သွားမည်ဖြစ်ပြီး သိရှိလိုသည်များအား သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)