လမ်းမတော် သြဂုတ် ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်း ကပ်ထား သည့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊မြို့ နယ်ရွေး ကောက်ပွဲကော် မရှင် အဖွဲ့ ခွဲဥက္ကဌ၊အတွင်းရေးမှူးနှင့်မြို့နယ်လူ၀င် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးတို့ ပါ၀င်သော အဖွဲ့သည် အမှတ်(၄)၊(၅)၊(၆)၊(၇)ရပ်ကွက်များသို့ ယမန်နေ့ညနေပိုင်းက ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များသည် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ရုံးများသို့ သွားရောက်၍ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန် စေရေး၊ မဲစာရင်းကြေညာမှုအပေါ် သတ်မှတ်ပုံစံများနှင့် လျှောက်ထားရာတွင် ဥပဒေ၊လုပ်ထုံး လုပ်နည်းများနှင့် ညီညွှတ်မှုရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် ပါ၀င်သူများအား မှတ်ပုံတင် အချိန်မီပြုလုပ်ပေးနိုင်ရေးနှင့် မြေပြင် အခက်အခဲများအပေါ် အချိန်နှင့် တစ်ပြေညီဖြေရှင်းပေး နိုင်ရေး တို့ကိုတွေ့ဆုံဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျော်ဆန်းမြင့်