ကွမ်းလုံ ဩဂုတ် ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် ကိုဗစ်-၁၉ ကော်မတီအား ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဒေါ်ချောချောအေးနှင့်အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဥ်များတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၁နာ၇ီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဥ်များတွင် အသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း(၂၀)ကို မြို့နယ်ကိုဗစ်-၁၉ကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ အဆိုပါအသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဥ်များတွင် အသုံးပြုရန်အတွက် ယွမ်း(၄၂၀၀၀)တန်ဘိုးရှိ ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများနှင့် လှူဒါန်းငွေ ယွမ်(၃၀၀၀၀)တို့ကို မြို့နယ်လူမှုကူညီရေးအသင်းအား ကိုးကန့်စာသင်ကျောင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်ကိုဗစ်ကော်မတီနှင့် မြို့နယ်လူမှုကူညီရေးအသင်းတို့မှလည်း မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(ကွမ်းလုံ)