ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူမှုဖူလုံရေးဆေးခန်းဖွင့်လှစ်

ဒဂုံ(ဆိပ်ကမ်း) သြဂုတ် ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၈၉) ရပ်ကွက် ကနောင်လမ်းမကြီးရှိ ကနောင်အိမ်ယာ မြေညီထပ်၌ ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင် လူမှုဖူလုံရေး -ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

လူမှုဖူလုံရေးဆေးခန်း ဖွင့်လှစ်ရခြင်းမှာ အာမခံ အလုပ်သမားများ အတွက် အကျိုးခံစားခွင့်များ ရရှိစေရန် ရည်ရွယ်၍လူမှုဖူလုံရေး -ကဲဝဲလ်အထွေထွေရောဂါကု အခမဲ့ဆေးခန်းကို ဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

ကဲဝဲလ် အထွေထွေ ရောဂါကုဆေးခန်းတွင် ပင်တိုင်ဆရာဝန် မိသားစုဆရာဝန်များနှင့်ကုသခြင်း  ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးဝါးများအခမဲ့ရရှိခြင်း၊ အမျိုးသမီးများအတွက် အထူးသတင်း ကောင်းအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် သားဖွားမီးယပ်အထူးကုဆေးခန်းရှိခြင်း၊ ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးခြင်းများကို လူမှုဖူလုံရေး အာမခံကိုယ်ဝန်ဆောင်များပြသနိုင်ပြီး ပြင်ပကိုယ်ဝန်ဆောင်မိခင်များမှလည်း သင့်တင့်သော နှုန်းထားဖြင့် ပြသနိုင်ကြောင်း သိရသည်။

အဆိုပါဆေးခန်းဖွင့်ပွဲသို့ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှုးချုပ် ဦးမောင်မောင်အေးမှအဖွင့်အမှာစကားပြောကြားခြင်း၊အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရဝန်ကြီး  ဦးစောဂျက် ကော့ထူး ၊ဒဂုံဆိပ်ကမ်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးဦးကျော်စွာမြင့်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးနေဝင်းအောင်၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာအေးမူယာကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စွာ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် များ နှင့်စက်မှုဇုန်စက်ရုံများမှတာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။

လဲ့လဲ့(ပြန်/ဆက်)