ဒဂုံမြို့သစ်(တောင်ပိုင်း) မြဝတီမင်းကြီးလမ်းရှိ ပျက်စီးနေ​သော လမ်းပိုင်းအမြန်ပြင် ဆင်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အမှတ် (၁၀၇)ရပ်ကွက်ရှိ မြဝတီမင်းကြီးလမ်း (အလျား၃၀၀​ပေ အကျယ်၁၈ပေ)ခန့် ပျက်စီးနေမှုအား ကွန်ကရိလမ်းသစ် ​ပြန်လည်ခင်းပေးရန် ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ တင်ပြခဲ့ကြောင်း သိရသည်။

 ထိုသို့​ တင်​ပြလာခြင်းအား မြို့တော်ဝန် ဒုမြို့တော်ဝန်နှင့်ကော်မတီဝင်များ ဌာနမှူးများမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ယမန်နေ့နံနက်၁၀နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှု၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)