ကော့ကရိတ် သြဂုတ် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာ ရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ လက်ဆေးခြင်းများ ဆောင်ရွက်စေပြီး၊ ကျန်းမာရေးဝန်ထမ်းများက အသက် နှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသာဝါဘီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်ရောင်၊ ဝက်သက်ဂျိုက်သိုးနှင့် ပိုလီယိုကာကွယ်ဆေးစသည့် ရောဂါကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းများဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါ အသက် နှစ်လမှ တစ်နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်းကို သောကြာနေ့၌ တစ်ပတ်ခြားလျှင် တစ်ကြိမ် တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
စောအောင်မျိုးလွင်