နောင်တရားမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝေမျှခြင်းရန်ကုန်မှ ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း

 

နောင်တရား   ဩဂုတ်လ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကျပ်(၂၅)သိန်း တန်ဖိုးရှိ ကျန်းမာရေး သုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းတွင် လှူဒါန်းသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ် သည့် နောင်တရားတိုက် နယ်ဆေးရုံနှင့် ကုသရေးဌာနများသို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အခက်အခဲမရှိဆောင်ရွက်နိုင်ရန်အတွက် ဦးတင်ထွဋ်(ခ) ဦးပီတာ စိန်မောင်အားရည်စူး၍ ဇနီးဒေါ်သန်းသွန်းနွယ် မိသားစုမှ Oxygen Concentrator(၁)လုံး၊ အဝေးရောက်မြန်မာပြည်ချစ်သူများမှ PPE(Medical Grade) (၅၉)စုံ၊ N95(၁၀၀)ခု၊ စေတနာရှင်သူငယ်ချင်းများမှ Surgical Gown (၁၀၀)စုံ၊ Surgical Gloves (Size 6.5,7,7,5) (၁၅၀)စုံ၊ Oximeter (၅)ခုနှင့် Aspilets (၂)ဘူး၊ Paracetemol (၂၀၀၀၀)လုံး စုစုပေါင်း ကျပ် (၂၅)သိန်း တန်ဖိုးရှိ ကျန်းမာရေးသုံးပစ္စည်းများကို ဝေမျှခြင်းရန်ကုန် မှတဆင့် ပေးပို့လှူဒါန်းပြီး အလှူရှင်များကိုယ်စား နောင်တရားမြို့ ဦးစိုင်းတင်မောင်စိုးမှ ပေးအပ်လှူဒါန်းပြီး နောင်တရား မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် နောင်တရားတိုက်နယ်ဆရာဝန် ဒေါက်တာခွန်ပလက် တီနမ်တို့မှ လက်ခံရယူခဲ့သည်။

နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းတွင် ဇူလိုင်လ ၁ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၁၆၅ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၅၉ဦး လက်ရှိတွင်‌ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာ (၁၀၆)ဦးကို တိုက်နယ်ပြည်သူ့ ဆေးရုံနှင့် ရွှေဘုန်းပွင့်ပညာဒါနကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှုစင် တာများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။

ခွန်အောင်