ဖာပွန် မတ် ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်သောအားဖြင့် ဖာပွန်မြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများအား လက်ဆေးရေဖြင့် စနစ်တကျလက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာစစ်ဆေးခြင်းကို ယမန့်နေ့က ဖာပွန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းတစ်ဦးချင်းစီအား လက်ဆေးရည်နှင့်လက်ဆေးခြင်း၊ ကိုအပူချိန်တိုင်းတာခြင်းများကို စနစ်တကျဆောင်ရွက်ပေးရာ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင် (ပြန်/ဆက်)