တနင်္သာရီ ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ်အတွင်း၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်းကမြစ်ရေ ကြီးမှုဖြစ်စဉ်ကြောင့် မြစ်ရေလွှမ်းခဲ့သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာရှိ သောက်/သုံးရေတွင်းများအား ဆေးတွင်းဆေးမှုတ်ခြင်းနှင့် ကလိုရင်းဆေး ခတ်ပေးခြင်းအား ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က လိုက်လံဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးရယ်လွင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေး ဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ချောင်းကြီးရပ်ကွက်မှ ရာအိမ်မှူးများ ပူးပေါင်း လျက် ချောင်းကြီးရပ်ကွက်-တိုးချဲ့(၅)လမ်း၊ စက်မှုဇုံလမ်းနှင့် ချောင်းငယ်ရပ်ကွက်-ရိပ်သာ လမ်းအတွင်းရှိ ရေနစ်မြုပ်ခဲ့သည့် သောက်သုံးရေ တွင်း(၁၀)တွင်းအား ဆေးတွင်းမှုတ်ပေးခြင်း၊ ကလိုရင်းဆေးခတ်ပေးခြင်းအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း