ဟားခါးမြို့၌ ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည်

ဟားခါး  သြဂုတ် ၂၇

ချင်းပြည်နယ်၊ ဟားခါးမြို့၌ သြဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm ) ကို နေရာ (၂)နေရာ ခွဲ၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ခိုင်ကမ်းအားကစားရုံတွင် သြဂုတ်လ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များ၌ လည်းကောင်း၊ အမှတ် ( ၁ ) အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ်လ ၂၈ ရက်နေ့၌ လည်းကောင်း ထိုးနှံပေးမည်ဖြစ်ကြောင်း ၊ ပထမအကြိမ်ကို ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ များတွင် ထိုးနှံခြင်းဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း