ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ မွေးမြူရေးကဏ္ဍဆောင်ရွက်မှု အသိပညာပေး ဆွေးနွေးပွဲ Talk Show  အွန်လိုင်းတင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ကော့သောင်း  သြဂုတ် ၂၇

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း မွေးမြူရေးကဏ္ဍဆောင်ရွက်မှု အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုအစီအစဉ်တွင် ကော့သောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး၊ ဒေါက်တာနိုင်တင်ထွဋ်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း မြို့နယ်အတွင်း မွေးမြူရေးဏ္ဍများအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို ဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကော့သောင်းမြို့နယ်အနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းခွင်အတွင်းနွား၊ဆိပ်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ထည့်သွင်း မွေးမြူနိုင်မည့် အစီအမံများ၊ ဦးစီးဌာနအနေဖြင့် အစားအစာဘေးကင်း လုံခြုံရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်နေမှု အခြေအနေများ၊ တိရစ္ဆာန်မွေးမြူရေး နည်းပညာ၊ အစာနှင့်ဆေးဝါးကုသမှု ပံ့ပိုးပေးနေမှု အစီအစဉ်များ၊ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း တိရစ္္ဆာန်မွေးမြူရေး လုပ်ငန်းများ ကြုံတွေ့လာနေရသည့် အခက်အခဲများကို ပံ့ပိုး ကူညီမှုပေးနေမှုအခြေအနေများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့သည်။

အဆိုပါ အစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု ကာလအတွင်း အများပြည်သူသိရှိ လေ့လာနိုင်ရန် အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းအဖြစ် ကော့သောင်းခရိုင် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာတွင် လွှင့်တင်ဖေါ်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)