တန့်ယန်း သြဂုတ် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများ ဖြစ်သော အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်ထုတ်ပေးခြင်းနှင့် အရပ်ရပ်အခွင့်အရေးလိုင်စင် သက်တမ်းတိုးခြင်းနှင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီမှစတင်၍ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်နှင့် မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းတို့က မြို့နယ်စည်ပင်သာယာရေးဌာန၏ သားသတ်လုပ်ငန်းများကို အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စနစ် ထုတ်ပေးခြင်းနှင့် အရပ်ရပ်အခွင့်အရေးလိုင်စင် သက်တမ်းတိုးခြင်း/ စိစစ်ရောင်းချခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်ရရှိသူ လုပ်ငန်းရှင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူ အသီးသီးတို့က ထုတ်လုပ်ရောင်းချခွင့် လက်မှတ်များကို ပေးအပ်ခဲ့ကြသည်။
မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၁-ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ (၆)လတာကာလအတွက် အသားထုတ်လုပ်ရောင်းချခွင့် လုပ်ငန်းအား လုပ်ငန်းရှင် (၁၈)ဦး ကို ထုတ်လုပ်ရောင်းချခွင့် လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီး အရပ်ရပ်အခွင့်အရေးလိုင်စင်လုပ်ငန်း (၁၃)မျိုးကို သက်တမ်းတိုးခြင်းနှင့် လုပ်ငန်း(၅)မျိုးကို လိုင်စင်စည်းကမ်းပါ ညွှန်ကြားချက်များနှင့် အညီ စိစစ်ရောင်းချ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မင်းလွင်ဦး