မြဝတီမြို့၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူများအား ပြင်ပသွားလာခွင့်ကတ်ပြား ပါမပါ ရှောင်တခင် စစ်ဆေး

 မြဝတီ ဩဂုတ်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင် ပထွက်ခွာသွားလာသူများအား  ပြင်ပထွက်ခွာသွားလာခွင့်ကတ်ပြား ပါမပါရှောင်တခင် စစ် ဆေးခြင်းကို  ယမန်နေ့ညနေ(၄)နာရီအချိန်ခန့်က  မြို့အတွင်းရှိ ရပ်ကွက်အဝင်အထွက်နေရာ များနှင့်လမ်းဆုံ လမ်းခွနေရာများတွင် ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် စည်းကမ်းချက်များ ချမှတ်ဆောင်ရွက် လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းကို ပိုမိုကာကွယ်နိုင်ရန်အတွက် မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ဈေးဝယ်ယူခြင်းများအတွက် နံနက်(၆)နာရီမှ နံနက်(၉)နာရီအထိသာ သွားလာခွင့်ပြုပြီး နံနက်(၉)နာရီနောက်ပိုင်းတွင် ကျန်းမာရေးကိစ္စများအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက သက်ဆိုင်ရာရပ်  ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲရုံးမှ ထုတ်ပေးသည့် ပြင်ပထွက်ခွာသွား လာခွင့်ကတ်ပြားဖြင့်သာ သွားလာရမည်ဖြစ်သည်။

ထို့ကြောင့် စည်းကမ်းသတ်မှတ်ချက်များအား မြို့နေပြည်သူများ လိုက်နာစေရေးအတွက် မြဝတီခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ နှင့်တာဝန်ရှိသူများပူပေါင်းပါဝင်သော ပူပေါင်းရေး အဖွဲ့သည် မြို့အတွင်းရှိ ရပ်ကွက်အဝင်အထွက်နေရာများနှင့်လမ်းဆုံလမ်းခွနေရာများတွင် နံနက်(၉)နာရီ နောက်ပိုင်း နေအိမ်ပြင်ပထွက်ခွာသွားလာသူများအား  ပြင်ပထွက်ခွာသွားလာခွင့် ကတ်ပြား ပါမပါနေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)