မဘိမ်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့မရပ်ကွက်၊ ဘုန်းကြီးကျောင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၂(မြိုပြ))ဦးထွန်းအောင်ခိုင်ထံမှ သိရှိရသည်။
မဘိမ်းမြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ကျပ်(၅.၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့မရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းလမ်း အလျား ၂ဝဝ ပေ၊ အနံ ၁၂ ပေနှင့် အမြင့် ၆ လက်မထုရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးဌာနမှ ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုန်းကြီးကျောင်းလမ်းမှာ မူလက ကျောက်ခင်းလမ်းတစ်ပိုင်းနှင့် မြေသားလမ်း တစ်ပိုင်းဖြစ်ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများ ဖြတ်သန်းသွားလာရခက်ခဲခဲ့ပြီး ယခုကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးသွားပြီးဖြစ်၍ ရပ်ကွက်အတွင်းရှိပြည်သူများ သွားလာမှု လွယ်ကူ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း