သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးဗီနိုင်းများ စိုက်ထူ

သံတောင်ကြီး မတ် ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများအားလုံးတို့တွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန် အတွက် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် တားဆီးနိုင်ရေး ဗီနိုင်းများအား လမ်းဆုံ ၊ လမ်းခွနေရာများ၊ ထင်သာမြင်သာ ရှိသော နေရာများ၊ ပြည်သူများ အလွယ်တကူတွေ့ရှိနိုင်သော နေရာများ လူစည်ကားသည့် နေရာများတွင် ထားရှိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူသာလျှင် အဓိက ခေါင်းစဉ်ဖြင့်ပေးထားပြီး ကာကွယ် သတိပြုရမည့် ကူးစက် နိုင်ခြေရှိသည့် နည်းလမ်းများ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အကြောင်း သံသယဖြစ်ဖွယ် ရောဂါလက္ခာဏာများ အကြောင်း အသိပညာပေး ဗီနိုင်းများကို မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာ အုပ်စုများတွင်ဖြန့်ဝေစိုက်ထူပေးခဲ့ကြောင်း သိရသည်။

နော်လော်မူ(ပြန်/ဆက်)