သုံးခွ ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် နေမိဘပြည်သူများနှင့်ပရဟိတ အသင်းဖွဲ့များအား အောက်ဆီဂျင် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် ယမန်နေ့ နံနက် မှစတင်ပြီး တစ်ရက်လျှင်၄၀ လီတာအိုး ၁၂၀လုံးထိထုတ်လုပ်ပေးသည့် အောက်ဆီဂျင် စက်စတင်လည်ပတ်၍ အောက်ဆီဂျင်များ ဖြန့်ဝေပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါအောက်စီဂျင်စက်အား သုံးခွ-သန်လျင်ကားလမ်းမဘေး၊ သိုက်တူးကန်ကျေးရွာ(ရဲနွဲ့တာအနီး) ၄ဒသမ၉၄ဧကရှိ ဘိုးဘွားရိပ်သာ ၀င်းအတွင်း၌ ထားရှိခြင်း ဖြစ်ပြီး သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအောက်ဆီဂျင် လိုအပ်ချက်မရှိစေရေး၊ အောက်ဆီဂျင်လိုအပ်လျက်ရှိသော အခြားမြို့များမှ အောက်ဆီဂျင်လိုအပ်သူများ အောက်ဆီဂျင်အလွယ်တကူ ရရှိစေရေးအတွက် အလှူရှင်များက အောက်ဆီဂျင်စကနှင့် အောက်ဆီဂျင်စက်ထားရှိမည့်အဆောက်အဦးများကို စုပေါင်း၍ လှူဒါန်းခြင်း ဖြစ်သည်။ ယခုအခါ အဆိုပါ အောက်ဆီဂျင်စက်သည် ဩဂုတ်၂၁ရက်နေ့မှ စတင်၍ လည်ပတ်ခဲ့ရာ တနေ့လျင်အောက်ဆီဂျင် (၈၅)လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး သုံးခွမြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများနှင့် အနီးမြို့ နယ်များသို့ပါ အောက်ဆီဂျင်(အခမဲ့)ဖြန့်ဖြူးပေးနိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုမည့်ထရန်စ ဖော်မာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုအခါ အလှူရှင်လှူဒါန်း ထားသော ကျပ်သိန်း ၃၄၀ တန်ဖိုးရှိ PowerMax150KVA မီးစက်အမျိုးအစားအား အင်ဂျင်မီးစက်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ တစ်နာရီလျှင်၄၀လီတာအိုး (၅လုံး)လုံး ထုတ်လုပ် ဖြန့်ဖြူးနိုင် ကြောင်းသိရပြီး ထရန်စဖော်မာတည်ဆောက်ပြီးပါက တစ်နေ့လျင် အောက်ဆီဂျင် ၄၀လီတာဆံအိုး ၁၂၀ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
သုံးခွမြို့နယ်တွင် ကျေးရွာအုပ်စု ၆၄အုပ်စုနှင့်ကျေးရွာပေါင်း ၇၄ ရွာ၊ရပ်ကွက် ၁၂ရပ်ကွက်ရှိကြောင်းသိရသည်။သုံးခွမြိုနယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုး လက္ခဏာရှိသူ (၁)ဦးအားRDTဖြင့်စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိပဲ ပိုးတွေ့လူနာ (၂၅၈)ဦး၊ (Quarantine Centre) (၁၁) ရက်ပြည့်၍ဆေးရုံဆင်းခွင့်ရသူ (၁၉၀) ဦး၊ သေဆုံးလူနာ(၃၇)ဦးရှိ၍ ကျန်ပိုးတွေ့လူနာ(၃၁)ဦးမှာဆေးရုံနှင့် မိုးကုတ်ဝိပဿနာ (Covid Centre) တွင် ထားရှိကုသနေဆဲ ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)