ဖာပွန်မြို့ပေါ် ရပ်ကွက်များရှိ အခြေခံလူတန်းစားများအတွက် နှာခေါင်းစည်း Mask များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဖာပွန် ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားများ နေအိမ်ပြင်ပထွက်ခွာတိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေးအတွက် အောင်ဖာပွန် မြို့မလူငယ်အဖွဲ့မှ နှာခေါင်းစည်း Mask များကို ယနေ့နံနက် ၇ နာရီက စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နှာခေါင်းစည်း Mask များ ရောင်းချရာတွင် အောင်ဖာပွန်မြို့မလူငယ်အဖွဲ့ ခေါင်းဆောင် ဦးပြေလျဉ်းရှိန် ဦးဆောင်၍ လူငယ်များက ဖာပွန်မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားများ၏ နေအိမ်သို့ သွားရောက်၍ တစ်ခါသုံး Mask (၂၅)ခုပါ တစ်ထုတ်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့်(၄၂၆)ထုတ်နှင့် အဝတ် Mask တစ်ခုလျှင် (၅၀၀) ကျပ်နှုန်းဖြင့် (၂၅၀)ခုကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ဖာပွန်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၈၆)ဦး၊ ဆေးရုံဆင်းသူ(၁၄၄)ဦး၊ သေဆုံးသူ (၇)ဦး၊ ကုသဆဲလူနာ (၃၅)ဦးနှင့် ဘားအံခရိုင် ပြည်သူ့ဆေးရုံကြီးသို့လွှဲပြောင်းသူ (၁) ဦးရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)