ရှမ်းရွာသစ် ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင် ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက လက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုနှုန်းများပြားနေပါသဖြင့် မိမိတို့အိမ်အတွင်း၌ သာ နေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံ ကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်မီ အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ကြရန်၊ မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန် စသည့်အချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် မြို့တွင်းရပ်ကွက်များသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)