မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အထောက်အကူပစ္စည်းများ ထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဩဂုတ် ၂၂

 

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက်ပြည်ပမှ တင်သွင်းသည့် ကျန်းမာ‌ရေး သုံးပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်၌ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်း မရှိဘဲ တာဝန်ရှိ ဌာန ဆိုင်ရာများအနေဖြင့်  ရုံးချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ အရှိန် အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာ ရေးအထောက်အကူပြု ပစ္စည်းများဝင်ရောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က 15L Oxygen အိုးအလွတ်   (၁၁၀၀) လုံး၊ Oxygen Plant စက်(၃) လုံး၊  အရက်ပျံဗူးခွံ(၆၀၀) ဖာ၊ ခေါင်းစွပ်(၆၁၅)  ဖာ၊ MASK (၃၈၁၀) ဖာ၊ PPE ဝတ်စုံ (၅၁၄) ဖာ၊ Medical Regulator (၂၀၃) ဖာ၊ Oxygen MASK (၈၃) ဖာ၊ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

A G 6706၊ FOTON  အမျိုးအစား အနီရောင်(၆)ဘီး မော်တော်ယာဉ် (၁)စီး၊ H 55 D 28၊ FOTON အမျိုးအစား အနီရောင် (၂၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့်      စုစုပေါင်း Oxygen Plant (၃)လုံး၊  AH 2187၊ FOTON  အမျိုးအစား အနီရောင် (၂၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် MASK (၂၅၀၀)ခုပါ (၁၅၆၁)ဖာ၊  D 71071၊ FOTON  အမျိုးအစား အနီရောင် (၂၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် MASK (၂၅၀၀)ခုပါ (၁၆၀)ဖာ၊ ခေါင်းစွပ်(၁၀၀၀၀၀)ခုပါ (၆၁၅)ဖာ၊ Regulator(၂၀) ခုပါ (၉၈)ဖာ၊ E 38621၊ FOTON  အမျိုးအစား အညိုရောင် (၂၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် 15L အောက်ဆီဂျင်အိုး အလွတ်(၅၀၀)လုံး၊ Oxygen MASK (၁၅၀)ခုပါ (၈၃) ဖာ၊ Regulator (၂၀) ခုပါ (၇၅) ဖာ၊ PPE (၅၀)စုံပါ (၂၂) ဖာ၊ S 14689 ၊ FOTON  အမျိုးအစား အနီရောင် (၁၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် MASK (၂၀၀၀)ခုပါ (၅၃၃)ဖာ တို့အား  ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာ ရွှေတြိဂံ ဂိုဒေါင်တွင် လည်းကောင်း၊ E 37188၊ FOTON အမျိုးအစား အနီရောင်(၁၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် PPE (၁၀၀)စုံပါ (၂၈၀)ဖာအား ချင်းရွှေဟော်မြို့၊ ဝမ်ချွန်းလျှံ ဂိုဒေါင်တွင် လည်းကောင်း၊ D B 3751 ၊ FOTON အမျိုးအစား အနီရောင်(၂၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် MASK (၂၅၀၀)ခုပါ (၁၅၃၈)ဖာ၊  ချင်းရွှေဟော်မြို့ နဂါးနီဂိုဒေါင်  တွင် လည်းကောင်း၊  F 73596 ၊ FOTON အမျိုးအစား အနီရောင် (၁၂)ဘီး မော်တော်ယာဉ်(၁)စီးနှင့် C 5 M 853၊ FOTON အမျိုးအစား ရွှေရောင် (၂၂)ဘီး မော်တော်ယာဉ်(၁)စီး တင်ဆောင်လာသည့် အရက်ပျံဗူးခွံ (၁၀၀၀)ခုပါ (၆၀၀) ဖာ၊ 15 L အောက်ဆီဂျင်အိုး အလွတ်(၆၀၀)လုံး MASK (၂၀၀၀)ခုပါ (၁၈) ဖာ PPE (၅၀)စုံပါ (၂၁၂) ဖာ၊ Regulator (၂၀) ခုပါ (၃၀) ဖာတို့အား ချင်းရွှေဟော်မြို့ အားလျန်ကွင်းတွင် လည်းကောင်း အထက်ပါ ယာဉ်များမှ တင်ဆောင်လာသည့် ကျန်းမာရေးသုံး ပစ္စည်းများအား ချိန်းပြောင်းတင်ဆောင်သွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်ရှိ ကုန်သွယ်ရေးစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)