ရွှေကူမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ၊ နှာခေါင်းစည်း(mask) နှင့် ထောက်ပံ့ငွေများ ပေးအပ်

ရွှေကူ   သြဂုတ်  ၂၂

ကချင်ပြည်နယ် ဗန်းမော်ခရိုင်   ရွှေကူမြို့နယ်တွင်   သြဂုတ်လ     ဒုတိယပတ်မှစတင်၍ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနံ ဘေးရှိကျေးရွာများနှင့် မြေနှိမ့်ပိုင်းရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုများကြောင့် ရေကြီးနှစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက်(၉) နာရီ တွင်အခြေခံ စားသောက်ကုန်များ၊ ပါးစပ်၊ နှာခေါင်းစည်း (mask) နှင့်ထောက်ပံ့ငွေများ သွားရောက် ထောက်ပံ့ ပေး အပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဗိုလ်မှူး ကျော်မိုးသွင်၊ မြို့နယ်ရဲမှူးတင့်လှိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးမင်းကိုကို၊မြို့နယ်ပြန်/ဆက် ဦးစီးမှူး၊ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့က အမှတ်(၄)ရပ်ကွက်၊ ဘောဂဗလ အလယ်တန်းကျောင်းနှင့် သူဋ္ဌေးတောရဘုန်းတော်ကြီးကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း(၂) ခုရှိ အိမ်ထောင်စု (၁၇)စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၃) ပြည်၊မျက်နှာ သုတ်ပုဝါ(၂)ထည်၊ဆပ်ပြာမွှေးခဲ (၂)ခဲ ၊ပါးစပ်၊ နှာခေါင်းစည်း(mask)(၃)ထုတ်တို့ကို လည်းကောင်း၊ မြို့နယ်သဘာ ဝဘေးအန္တရာယ် စီမံခန့်ခွဲ ရေးဦးစီးဌာနမှ ရေဘေးသင့် အိမ်ထောင်စု(၁၇) စုရှိ လူဦး ရေ (၈၁) ဦးအတွက် တစ်ဦးလျှင် (၂၁ဝဝိ/)ကျပ် နှုန်းဖြင့် (၇)ရက်စာ ထောက်ပံ့ငွေစုစုပေါင်း (၁၇၀၁၀ဝိ/) ကျပ်ကို ရေးဘေးသင့်အိမ်ထောင်စုများ လက်ဝယ်အရောက်သွား  ရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

ရွှေကူမြို့အတွင်း စိုးရိမ်ရေအမှတ်မှာ (၉၃၀)စင်တီမီတာဖြစ်ပြီး  ယနေ့ နံနက် (၆:၃၀) နာရီအချိန် တိုင်းတာချက်အရ (၈၈၇) စင်တီမီတာဖြစ်၍ ယမန်နေ့ ညနေ ပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်မှုအခြေအနေမှာ တဖြေးဖြေးကျဆင်းလာ​ကြောင်း မြို့ နယ်မိုးလေဝသ နှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။ 

ရွှေကူ(ပြန်/ဆက်)