မိတ္ထီလာ ဩဂုတ် ၂၂
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွားများ၌ နေထိုင်ကြသော အသက် ၆၅ နှစ်နှင့်အထက် ရှိသူများအားမနက်ဖြန်မှ စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်များ စတင်ထိုးနှံ ပေးမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မိတ္ထီလာမြို့မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၆၅ နှစ်နှင့် အထက်ရှိသူများကို ထိုးနှံပေးနေတာ တတိယအသုတ်ထိုးပြီးတဲ့အထိ ၇ဝ၆၉ ဦးထိုးနှံပေးပြီးဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်ကတွေက အသက် ၆၅ နှစ်နှင့်အထက်ရှိသူတွေကို ထိုးနှံပေးပြီးဖြစ်သလောက်ရှိတာမို့ ဒီတစ်ကြိမ်ကျေးရွာဒေသတွေက အသက် ၆၅ နှစ်နှင့်အထက်ရှိသူတွေကို မနက်ဖြန်မှာစတင်ထိုးနှံပေးမှာ ဖြစ်ပါတယ် ။ မုန်တိုင်ကျေးရွာအုပ်စု၊ တောမကျေးရွာအုပ်စု၊ မြာကျေးရွာအုပ်စု၊ ဝါးရုံကျေးရွာအုပ်စု၊ လှည်းပွဲကျေးရွာအုပ်စု၊ ကန်သာကျေးရွာအုပ်စု၊ ရှမ်းတဲကျေးရွာအုပ်စု၊ သီးပင်ကုန်းကျေးရွာအုပ်စု၊ မွေကျေးရွာအုပ်စုနဲ့ ရေဝေကျေးရွာအုပ်စုတွေမှာ မနက်ဖြန်ကနေ ၂၇ ရက်နေ့အထိ ကာကွယ်ဆေးများထိုးနှံပေးသွားမှာ ဖြစ်ပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါကျေးရွာအုပ်စုများနှင့်အတူ မိတ္ထီလာတက္ကသိုလ်၊ စက်မှုလယ်ယာသင်တန်းကျောင်း၊ ဗဟိုပို့ဆောင် ဆက်သွယ်ရေးကျောင်း၊ ကုန်းလမ်းပို့ဆောင်ရေး၊ အကျဉ်းဦးစီးဌာန စသည့်ဌာနများနှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေးသွားမည် ဖြစ်သည်။ မိတ္ထီလာ တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူ ၇ဝ၆၉ ဦးအားကိုဗစ်၁၉၈ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပြီးဖြစ်ကာယခုတစ်ကြိမ်တွင်အသက်၆၅ နှစ်နှင့်အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း၄၄၇၅ဦးအားပထမအကြိမ်ကိုဗစ်၁၉ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာ ပြု တပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ချမ်းသာ