လှည်းကူး သြဂုတ် ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းများ ၂၀၃၆၀ အိမ်ထောင်စုအတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းကို သြဂုတ်(၁၂)ရက်နေ့ နေ့လယ်(၁)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က လှည်းကူး မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စု စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု(၅၇)အုပ်စုရှိရာ ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုများထံ ပထမအကြိမ် အခြေခံ စားသောက်ကုန် ပစ္စည်း (၅)မျိုးကို အိမ်ထောင်စု(၁၂၆၁၁)စုနှင့် ဒုတိယအကြိမ် အိမ်ထောင်စု (၇၇၄၉)စုအတွက် တစ်အိမ် ထောင်စုလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်နှင့် အခြေခံလူတန်းစား(၂၀၃၆၀)ဦးထံ တတိယအကြိမ် တစ်အိမ် ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ်တို့အား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီဖြစ်ကြောင်း၊ လှည်းကူး မြို့နယ်အတွင်း အိမ်ထောင်စု စုစုပေါင်း(၆၄၅၄၂)စုအနက် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေ မရရှိသော အခြေခံလူတန်းစား (၂၀၃၆၀)ဦးထံ စတုတ္ထအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)ဖြင့် စုစုပေါင်းငွေကျပ် (၄၀၇၂)သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)