မင်္ဂလာဒုံမြို့နယ်တွင် စက်ရုံအလုပ်သမားများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိ

မင်္ဂလာဒုံ  ဩဂုတ်  ၁၉

            ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံအလုပ်သမားများကို  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်ရက်နေ့က စက်ရုံ(၁၁)ရုံမှ အလုပ်သမား ၂၈၃၀ ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

            စက်ရုံအလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ထိုးနှံပေးရာတွင်  Foxlink  စက်ရုံမှ (၄၁၈)ဦး၊ Maple (၃၀၂)ဦး၊ Tin Zar Kyaw(၃၅၂)ဦး၊ G&U(၁၅၆)ဦး၊ KTK(၂၁၀)ဦး၊ Shinsung(၁၀၈၈)ဦး၊ OJI(၇၂)ဦး၊ Shwe Mingalar(၂၆)ဦး၊  William Myanmar(၇၁)ဦး၊  Musung(၅၀)ဦးနှင့် MTT စက်ရုံမှ(၈၅)ဦး စက်ရုံ(၁၁)ရုံတို့မှ  စုစုပေါင်း အလုပ်သမားဦးရေ (၂၈၃၀)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

            ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအလုပ်ရုံ၊ စက်ရုံများ၏ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။ ကျန်ရှိသည့်စက်ရုံများနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ အလုပ်သမားများကိုလည်း ကာကွယ်ဆေးရရှိမှုပေါ်မူတည်၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။