ဒေါ့ဖုန်းယန် သြဂုတ် ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ မြို့စည်ပင် သာယာရေးစျေးအရှေ့နှင့် လမ်းဆုံများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရန်အတွက် မြို့နယ်၊ မြို့၊ ရပ်ကွက်/ ကျေးရွာနေပြည်သူများအနေဖြင့် (၁၇.၈.၂၀၂၁)ရက်နေ့မှ (၃၁.၈.၂၀၂၁)ရက်နေ့အထိ မိမိနေအိမ်တွင်သာနေထိုင်ရန်၊ ဘဏ်၊ စက်သုံးဆီဆိုင်၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်း၊ စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များမှအပ ကျန်ဆိုင်များအားလုံးပိတ်ရန်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကိုခွင့်မပြုရန်၊ ပါဆယ်စနစ်(Take away)ဖြင့်သာရောင်းချရန်၊ စည်ပင်သာယာရေးစျေး၊ ပျံကျစျေးနှင့် ကျေးလက်စျေးများအား နံနက် ၆နာရီမှ နေ့လည် ၁၂နာရီအထိ စျေးရောင်းချရန်၊ တစ်ဉီးနှင့်တစ်ဉီး (၆)ပေအကွာတွင်ခင်းကျင်းရောင်းချရန်၊ ပြင်ပသို့ ထွက်ခွာသည့်အခါ စျေးဝယ်ကတ် (သို့မဟုတ်)နယ်မြေကျော်ကတ်တစ်ခုခုကိုကိုင်ဆောင်၍ ထွက်ခွာ ရမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာပြည်သူများအနေဖြင့် ကျန်းမာရေး၊ နာရေးကိစ္စမှအပ တာဝန်ရှိသူမှလွှဲ၍ တစ်နေရာမှတစ်နေရာ သွားလာမှုမပြုရန်၊ မြို့ဝင်မြို့ထွက်လမ်းမကြီးနေရာများ၊ ရပ်ကွက်၊ ကျေးရွာအဝင်/ အထွက်လမ်းများတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးရေးဂိတ်များ ပြုလုပ်၍ အသွားအလာ ကန့်သတ်ခြင်းများကို ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် အထက်ပါစည်းကမ်းချက်များကို ကြည်ဖြူ စွာလက်ခံပူးပေါင်းဆောင်ရွက်ရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဉပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှဝန်ထမ်းများ၊ မြို့မီးသတ်ဉီးစီးဌာနမှတပ်ဖွဲ့ ဝင်များ၊ ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။