ကျောက်တန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းဆက်ကပ်လှူဒါန်းမည်

ကျောက်တန်း ဩဂုတ် ၁

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွွားနေ့သည့်ကာလအတွင်း ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၏ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျောက်တန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ် တော်မူ ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းမှုတွင် ကျေက်တန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၆၄ ကျောင်းမှ ဝါဆိုသံဃာ ၁၄၄၅  ပါး၊ သီလရှင်ကျောင်း ၆၀  ကျောင်းမှ  သီလရှင်ဆရာကြီး /ဆရာလေး  ၇၀၃ ပါးတို့အား ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းနိုင်စေရန်အတွက် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းနိုင်ရေး ကော်မတီက ဦးဆောင်ပြီး မြို့နယ်အတွင်းသို့ လှည့်လည်ကာ ဆွမ်းဆန်တော်များနှင့် အခြားလှူဖွယ်ပစ္စည်းများကို လိုက်လံအလှူခံ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းနိုင်ရေးကော်မတီအနေနဲ့ ဝါတွင်းကာလမှာ ဝါဆို၊ ဝါကပ်တော်မူကြ မည့် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး/ဆရာလေးများအား  ဝါတွင်းကာလ ဆွမ်းကွမ်းကိစ္စ အဆင်ပြေစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို စီစဉ်ရခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ လှည့်လည်အလှူခံတာရော၊ အလှူရှင်များ လာရောက်လှူဒါန်းတာတွေရောကို  ဩဂုတ် ၂၀ ရက်နေ့မှာ သံဃာတော်အရေအတွက်ပေါ်မူတည်ပြီး ကျောင်းတိုက်အသီးသီးကို ခွဲဝေလှူဒါန်းသွားမှာ ဖြစ်ပါတယ်” လို့  ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းနိုင်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခင်ဆွေဝင်း