မြဝတီ ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် COVID-19 Economic Relife plan (CERP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြဝတီမြို့နယ် ဝါးမီးထကျေးရွာနှင့် တောင်နီကျေးရွာတို့အား ယမန်နေ့က စီမံကိန်းရန်ပုံငွေများထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ဝါးမီးထကျေးရွာနှင့်တောင်နီကျေးရွာတို့အား စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အရောင်း အဝယ်၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်ရေးအတွက် စီမံကိန်းရန်ပုံငွေများကို ပြည်သူ့လက်ဝယ်ရောက် ထုတ်ချေးပေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)