မိုးနဲတွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုးနဲ   ဩဂုတ်   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်  ကွန်နားကျေးရွာအုပ်စု ကုန်းကျောင်းကျေးရွာရှိ ရွှေမိုးနဲ ကုမ္ပဏီက ဆောင်ရွက်သော စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း(/)မိုင်နှင့် (ပြည်သူ၊ ကျေးလက်၊ ယူနီဆက်) တို့ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ဆောင်ရွက်သော  ကွန်နားကျေးရွာအုပ်စု လွိုင်လင်းကျေးရွာ ရေပိုက်သွယ်တန်းနေမှုအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စုဟန်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရးမှူး ဒေါ်နော်မူးခိုဖောနှင့်အဖွဲ့ဝင်များ၊ လင်းခေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ငွေနှင့် အဖွဲ့ဝင်များက ယမန်နေ့ ညနေ ၂ နာရီ အချိန် အဆိုပါ ကျေးရွာများရှိ လုပ်ငန်များ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ရာ  မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များအား ရုံးချုပ် ၊ ပြည်နယ် ၊ ခရိုင်တို့မှ တာဝန်ရှိသူများက လမ်းညွှန် မှာကြားခဲ့သည်။

မျိုးညွန့်ရွှေ (မိုးနဲ)