သံတောင်ကြီး သြဂုတ် ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ဌာနဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် လုပ်ငန်းများဖြစ်သော လမ်းတံတားအဆောက်အဦများကို ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်းနှင့် ကရင်ပြည်နယ် လွှတ်တော် ဘဏ္ဍာစိစစ်အကြံပြုရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ (QC) အဖွဲ့ဝင် များက လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် သံတောင်ကြီးမြို့နှင့် သံတောင်မြို့အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် သံတောင်မြို့ ကျန်းမာရေးဦးစီးဌာန လေးခန်းတွဲသုံးထပ်ဆောင် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုကို လည်းကောင်း၊ ပသိခန်းမပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ပသိချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ သံတောင်ကြီးမြို့ရှိ နော်ဘူဘောဆုတောင်းတောင်တက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ လိပ်ပြာကလေးကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံ မြေထိန်းနံရံဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် ရေမြောင်းများဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း တည်ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသွားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်).