လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကန့်ကွက်/ပြင်ဆင်/ဖြည့်စွက် ဆောင်ရွက်နေမှုအခြေအနေများအား ညှိနှိုင်းဆွေးနွေး

လှိုင်းဘွဲ       ဩဂုတ် ၁၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရန်နှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ထားရှိမှုအပေါ် စနစ်တကျပြန်လည်စိစစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန် နေ့ နေ့လယ် (၂) နာရီအချိန်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်ညွန့်နှင့် အတွင်းရေးမှူး ဒေါ်အိသဉ္ဇာအောင်တို့က ရပ်ကွက်/ကျေးရွာ များရှိ မဲဆန္ဒရှင်စာရင်းများကို ပုံစံ (၃)၊ ပုံစံ (၄) ပုံစံ (၄-ဂ) တို့ဖြင့် ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ စနစ်တကျရှိစေရေး၊ ဒုတိယ အကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားရာတွင် မှားယွင်းမှုမရှိစေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြီး အထွေထွေရွေးကောက်ပွဲအား စံ(၅)ချက်နှင့် အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)