ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ပြည်ပမှ ကျန်းမာရေး အထောက်အကူပစ္စည်းများဝင်ရောက် နိုင်ရေးအများပြည်သူရုံးပိတ်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိ

 

 

ချင်းရွှေဟော်  ဩဂုတ်  ၁၇

 

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်‌ရေးအ တွက်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နမ့်ဖာဟော် နယ်စပ်ဂိတ်မှတစ်ဆင့် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က (၄၀) လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၃၂၂၀)လုံး၊ (၂၀)လီတာဆန့်အောက်ဆီဂျင်အိုးအလွတ်(၆၈၀) လုံး၊ (၁၅)လီတာဆန့်အောက်ဆီဂျင်အိုး အလွတ်(၂၆၆၁)လုံး၊ (၁၀)လီတာဆန့်အောက်ဆီဂျင်အိုး အလွတ် (၅၀၀)လုံး၊ PPE ဝတ်စုံ (၁၅၈၈)ဖာ၊ Contentrator (၈၅၆)ဖာ၊ Medical Regulator (၁၂၄၃)ဖာ၊ Sodium Chloride Injection (၁၉၀၅)ဖာ၊ Mask (၃၅၀၆)ဖာ၊ Oxygen Mask(၃၅)ဖာ၊ Oxygen Plant စက် ()လုံး၊ တွန်းလှည်း(၄၂၀) နှင့် မျက်မှန်(၂၀)ဖာ တို့အား  မော်တော်ယာဉ် (၂၁)စီးဖြင့် တင်သွင်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ်(၂၁)စီးသည် နယ်စပ်ဂိတ်မှ ထွက်ခွာပြီး ချင်းရွှေဟော်မြို့ရှိ အားလျန် ကွင်းနှင့် နဂါးနီဂိုဒေါင်တို့တွင် ()စီးအား ပစ္စည်းချိန်းတင်ဆောင်မည်ဖြစ်သည်။ ကျန်ရှိသည့် (၁၇)စီး မှာ ကွမ်းလုံမြို့နယ် ရွှေကူဝကျေးရွာသို့ ဆက်လက်မောင်းနှင်ထွက်ခွာခဲ့ပြီး ၎င်းပစ္စည်းများ လွယ်ကူမြန်ဆန်စွာ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင် ရွက်ကာ အခက်အခဲမရှိစေရေးအတွက်  ကုန်သွယ်ရေးစခန်းများမှ တာဝန်ခံများထံ တိုက်ရိုက်ဆက် သွယ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။   

စည်သူမောင်မောင်