ကမမောင်း သြဂုတ် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းရှိ ဆရာတော် သံဃာတော်များအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ၌ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ဘုန်းတော်ကြီကျောင်း(၄)ကျောင်းအတွက် ဆန်(၄)အိတ်၊ သုံးပိဿာ ဝင်ဆီ(၄)ပုံးကို သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း မိသားစု များအတွက် ကိုဗစ် - ၁၉ရောဂါကာလအတွင်း အခက်အခဲမရှိစေရေးအတွက် ရည်ရွယ်၍ ဝန်ထမ်းမိသားစု တစ်စုလျှင် ပေါ်ဆန်းမွှေးဆန် ( ၆)ပြည်အိတ် ၁ အိတ်၊ ၁လီတာဆီဗူး ၁ ဗူး၊ ကြက်သွန် ၁ ပိဿာ၊ ကြက်ဥ(၁၀) လုံးတို့ကို ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လင်းသန့်