သာစည်မြို့နယ်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ချထားပေးမည့် အောက်ဆီဂျင်ထုတ်စက်နှင့် မြို့နယ်မှ အလှူရှင်များ ပူးပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်

သာစည် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အောက်ဆီဂျင်လိုအပ်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချထားပေးမည့် အောက်ဆီဂျင်ထုတ်စက်နှင့် မြို့နယ်မှ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက်က စတင်၍  မြေနေရာရှင်းလင်းရေး   စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အောက်ဆီဂျင်စက်ရုံကို သာစည်မြို့ အမှတ်(၁)ရပ်ကွက်   ကြာကန်ကျောင်းတိုက်  တောင်ဘက် မုဒ်ဦးအနီးရှိ ကွင်းအမှတ်  ၁၈၃၆   ဦးပိုင်အမှတ်  ၂ ထိန်ကန်မြောက်ကွင်း   မြေအကျယ်အဝန်း  အလျား ၁၀၄ ပေ၊ အနံ ၆၀ ပေပေါ်တွင်  အဆောက်အဦပုံစံ    အလျား ၅၀ ပေ၊ အနံ ၃၀ ပေရှိ Steel Structure Open Type စက်ရုံကို      တည်ဆောက်သွားမည်ဖြစ်ကြေင်း သိရသည်။

အဆိုပါစက်ရုံတည်ဆောက်မည့်  မြေနေရာကို   ဒေါက်တာ အရှင်စန္ဓောဘာသ (Ph.D  India) သာသနာ့တက္ကမဟာဓမ္မာစရိယ ကြာကန်ကျောင်းတိုက်ဆရာတော်က လှူဒါန်းခြင်းဖြစ်ပြီး၊ ထရန်စဖော်မာ100 KVA နှင့်ဆက်စပ်ပစ္စည်းများအား ဦးဘဇံမိသားစု (ရွှေနဂါးပဲခွဲစက်နှင့် စက်သုံးဆီအရောင်းဆိုင်) ကလည်းကောင်း၊ စက်ရုံအဆောက်အဦကို အမှတ်(၅)ရပ်ကွက်  အောင်သုခရွှေဆိုင်မိသားစုကလည်းကောင်း၊ အုတ်တံတိုင်း  မျက်နှာစာဆယ်ခန်းအတွက်  ရန်ကုန်မြို့နေ   ဦးလှမောင်ရွှေမိသားစုတို့ကလည်းကောင်း  လှူဒါန်းထားကြောင်းနှင့် လှူဒါန်းလိုပါက    မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ဖုန်း ၀၆၄-၂၀၆၉၀၂၈ နှင့်    ကြာကန်ကျောင်းတိုက်ဆရာတော် ဖုန်း၀၉-၄၃၀၇၂၅၅၂  တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။