မိတ္ထီလာမြို့တွင် အသက် ၆၅နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်


မိတ္ထီလာ ဩဂုတ် ၁၆

မိတ္ထီလာမြို့တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် တတိယအသုတ် ထိုးနှံပေးခြင်းအစီအစဉ်ကို ယနေ့ နေရာ နေရာခွဲ၍ ဆက်လက်ဆောင်ရွက်ကြောင်းသိရသည်။

“မိတ္ထီလာမြို့မှာ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် တတိယအသုတ်ထိုးနှံပေးခြင်းကို ဒီနေ့ဆက်လက်ဆောင်ရွက်တာပါ။ အသက် ၆၅ နှစ်နှင့်အထက်ရှိသူ ပေါက်ချောင်းရပ်ကွက်က ၂ဝဝ ဦးကို အ.ထ.က ၁၊ ရန်မျိုးအောင်ရပ်ကွက်က ၂ဝဝ ဦးကို အထက ၂၊ အောင်ဇေယျာရပ်ကွက်က ၂ဝဝ ဦးကို အဲဒီရပ်ကွက်က နယ်မြေ ၁၁ ဓမ္မာရုံ၊ အောင်ဆန်းရပ်ကွက်က ၂ဝဝ ဦးကို အ.ထ.က   နဲ့ ဝန်ဇင်းရပ်ကွက်က ၂ဝဝ ဦးကို အောင်မင်္ဂလာခန်းမတို့မှာ ခရိုင်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးတာဖြစ်ပါတယ်” ဟုမြို့နယ်ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။

မိတ္ထီလာတွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ် တတိယအသုတ်ထိုးနှံပေးခြင်းကို ယနေ့မှ ၁၉ ရက်နေ့အထိ ရက်တိုင် နေရာ နေရာခွဲ၍ လူဦးရေ ၃၉၀၀ ဦးကို ထိုးနှံပေးသွားမည်ဖြစ်သည်။  မိတ္ထီလာမြို့အတွက် ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးခွဲတမ်း ၉ဝဝဝလုံးကျော်ရရှိထားပြီး ကနဦးရောက်ရှိသည့် ဆေးလုံးရေ ၂၄ဝဝ အား နေရာနှင့်နေ့ရက်များခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။ မိတ္ထီလာတွင် အသက် ၆၅ နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ပထမအသုတ်တွင် လူဦးရေ ၁၆ဝဝ ဦးအား ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ရက်နေ့အထိလည်းကောင်း ဒုတိယအသုတ်တွင် လူဦးရေ ၁၅၉၆ ဦးအား ဩဂုတ်လ ရက်နေ့မှ ရက်နေ့အထိလည်းကောင်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဦးချမ်းသာ