တကောင်း ဩဂုတ် ၁၆
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဆေးထိုးရန်ကျန်ရှိဝန်ထမ်းများအား အမှတ်(၁) ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၅)အုပ်စုမှ အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများ၊ စေတနာ့ ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဆေးထိုးရန်ကျန်ရှိသည့် ဝန်ထမ်းများအား ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ် ချုပ်ရေးမှူးများ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းကာ ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ မြို့ပေါ်ရှိ ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာ(၅)အုပ်စုတို့မှ ကျား (၄၉၂)၊ မ(၄၃၀)ဦး စုစုပေါင်း( ၉၂၂ )ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။