မိုးကုတ် သြဂုတ် ၁၆
မိုးကုတ်မြို့နယ်တွင် သြဂုတ်လ (၁၂)ရက်၊(၁၃)ရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျကာ နေအိမ်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း အချို့သဘာဝဘေးသင့်ခဲ့ပြီး အမျိုးသမီး(၃)ဦး၊ ကလေးငယ် (၁)ဦး၊ စုစုပေါင်း(၄ )ဦး အသက်ဆုံးရှုံးခဲ့သည်။
အဆိုပါ သဘာဝဘေးသင့်အိမ်ထောင်စုဝင်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မိုးကုတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်မှ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စားထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ပေးအပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု(၈)စု၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် စာသင်ကျောင်း(၁)ကျောင်းတို့အတွက် ကျပ် (၁၃)သိန်း၊ သေဆုံးသူ(၄)ဦးအတွက် (၁)ဦးလျှင် ကျပ်(၅)သိန်း ၊ ဒဏ်ရာရသူ(၄)ဦးအတွက် (၁)ဦးလျှင်ကျပ်(၅)သောင်း၊ ကြက်ခြေနီတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့နှင့် စေတနာဝန်ထမ်း များ အတွက် ကျပ်(၁၅)သိန်း စုစုပေါင်းငွေကျပ်သိန်း(၅၀)အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
နန်းခွာညိုနှင်း