ရွှေသောင်ယံ သြဂုတ် ၁၆
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်၊ ဘောမိကျေးရွာအုပ်စုများရှိ ဘောမိကျေးရွာ၊ ဂျိတ်လက်ကျေးရွာ၊ ဂျိုင်လယ် ကျေးရွာတို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ဂျိုင်လယ်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲ၌ စုရပ်ပြုလုပ်၍ ကိုဗစ်-၁၉ ကာကွယ် ဆေးအလုံး (၁၀၀) ကို လူဦးရေ(၂၀၀)အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံ ပေးရာတွင် အဆိုပါကျေးရွာများရှိ ရဟန်းသံဃာများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးပြီး ကျေးရွာပရဟိတလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသူများကို ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ရာ၌ နယ်မြေခံကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)