တနိုင်းမြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများမှကြီးမှူး၍ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း(၂၂)ကျောင်းအားဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်း

တနိုင်း ဩဂုတ် ၁၆

တနိုင်းမြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများမှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း (၂၂) ကျောင်းအား ဆွမ်းဆန်တော်နှင့် ဆီ များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ(၃) ရွတ်ဆို၍ ဖွင့်လှစ်ပြီး တနိုင်းမြို့ မြို့ဦးကျောင်းတိုက် ဆရာတော် ဩဘာသထံမှ (၅)ပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ် တရားတော်နာယူကြည်ညိုခဲ့ကြသည်။ တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမှ ဆွမ်းဆန်တော်နှင့် ဆီများ ကပ်လှူရသည့် အခြေအနေများအား လျှောက်ထားတင်ပြသည်။

ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးလှမြင့်၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ လဝကဦးစီးမှူး ဦးအောင်တိုး၊ ရပ်မိရပ်ဖ ဦးဇော်လွမ်းတူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆွမ်းဆန်တော်နှင့်ဆီများ လှူဒါန်းတန်ဖိုး ငွေစုစုပေါင်း ကျပ်သိန်း (၄၀) ခန့်အား ဆက်ကပ်လှူဒါန်းခဲ့ မြို့ဦးကျောင်းတိုက်ဆရာတော် ဦးဩဘာသ ထံမှ ရေစက်ချ အနုမောဒနာ တရားနာယူကြသည်။ ဆက်လက်ပြီ ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

ဝါဝါ