ဝိုင်းမော်မြို့နယ်တွင် ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ

ဝိုင်းမော် ဩဂုတ် ၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မိုင်းနားကျေးရွာ၊ ဓမ္မရက္ခိတကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုမိုင်းနားကျေးရွာအတွင်းရှိ အသက် (၆၅) နှစ်နှင့် အထက် ပြည်သူများ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊သာသနာ့ဝန်ထမ်းများ၊ စက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ဝန်ထမ်းများကို ကာကွယ်ဆေးကို ထိုးနှံပေးကြောင်း သိရှိရပါသည်။

ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိန်းမြို့မှ ကြီးကြပ်၍ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန် ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ခြင်း၊ ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ကိုဆောင်ရွက်ပေးခဲ့သည်။ ဝိုင်းမော်မြို့နယ်တွင် ဩဂုတ်လ ၁၅ ရက်နေ့ထိ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမူအများဆုံးမှာ ရပ်ကွက် (၁)၊ (၂) နှင့်၊ မိုင်းနားကျေးရွာတို့ဖြစ်ပြီး ကိုဗစ်- ၁၉ တတိယလှိုင်းတွင် ကိုဗစ်အတည်ပြုလူနာ ပေါင်း (၇၅၂) ဦး၊ ဆေးကုသ၍ ပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းသူ (၅၂၅)ဦး၊ သေဆုံးသူ (၂၄)ဦး ရှိပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနရုံးမှသိရှိရသည်။