ထိုသို့ လှူဒါန်းရာတွင် ဒေါ်နုနုလွင် မိသားစုနှင့် “အပိုလို”ဆိုင်ကယ်ပြင်ဆိုင်တို့မှ အလှူငွေ ကျပ်တစ်သိန်းစီ၊ ဦးစိုင်းကျဲန် မိသားစုက အလှူငွေ ကျပ်ခြောက်သောင်း၊ ဒေါ်နန်းခမ်းခေး မိသားစုက အလှူငွေ ကျပ်ငါးသောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ဦးစိုင်းမီး မိသားစုက အလှူငွေ ကျပ်ငါးသောင်း၊ ဦးစိုင်းအောင်လှ မိသားစုက အလှူငွေ ကျပ်နှစ်သောင်းနှင့် KF 94 Mask ၁၀ ထုပ်၊ ဒေါ်နန်းဆီခမ်းက အလှူငွေကျပ်နှစ်သောင်း၊ ဒေါ်တင်တင်သန့်က အလှူငွေ ကျပ်တစ်သောင်း၊ ဦးစိုင်းအောင်ခမ်း မိသားစုက Sugical Mask ၁၃ ထုပ်၊ KF 94 Mask ၁၀ ထုပ်၊ Face Shield အခု ၃၀ နှင့် Civitt အချိုရည် နှစ်ကဒ်၊ ဒေါ်အိဖြူနိုင်က စားသောက်ဖွယ်ရာများတို့ကို လာရောက်လှူဒါန်းခဲ့ကြသည်။
ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း