ပင်းတယ ဩဂုတ် ၁၃
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပုံမှန်ကာကွယ် ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း များကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ပထမပတ် မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဌာနခွဲ၌ ခြောက်လမှ ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ ဒေါ်စန္ဒာဝင်းနှင့် ဝန်ထမ်း များတို့က ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ ပေးခြင်း၊ သန်ချဆေးနှင့် ဗီတာမင်အေ တိုက်ကျွေးခြင်းနှင့် ကျန်းမာ ရေး အသိပညာပေး လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်မှ ကလေးငယ်များအား ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများမှ ကလေးငယ်များအား သက်ဆိုင်ရာ ကျန်းမာရေး ဌာနခွဲများတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)