စမ်းချောင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့‌ငွေများပေးအပ်

စမ်းချောင်း သြဂုတ် ၁၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများကို နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေ စေရန် စမ်းချောင်းမြို့နယ်အတွင်းရှိ (၁၈)ရပ်ကွက်မှ အိမ်ထောင်စု (၁၈၃၁)အတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၃၆၆၂၀၀၀၀)ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ပြီး ရပ်/ကေျးများမှ တစ်ဆင့် ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်ချောစုဝင်း(ပြန်/ဆက်)