ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မတ္တရာ သြဂုတ် ၁၃

ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၆ နာရီက အမှတ် ၄ ရပ်ကွက်ရှိ အောင်သာကံသာမြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့ မြို့နယ်တာဝန်ခံ ဦးသိန်းသန်းဆေးနှင့် တာဝန်ရှိသူများမှ ကျောင်းဝန်းအတွင်းရှိ အခန်းများ၊ ရေကန်၊ အိမ်သာ နှင့် ခြင်းများခိုအောင်နိုင်သော ခြင်သစ်ပင်ခြုံနွယ်များအတွင်းသို့ ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

မြို့နယ်ငှက်ဖျား ရောဂါတိုက်ဖျက်ရေးအဖွဲ့သည့် အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)