တာချီလိတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့တင်ကျန်ခြင်းမရှိစေရန် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်း များက ယမန်နေ့ညနှင့် ယနေ့မနက် အစောပိုင်းအချိန်တွင် အမှိုက်များ ရှင်းလင်းလျက်ရှိကြောင်း သိရ သည်။
တာချီလိတ်မြို့ကို အမှိုက်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ အစဉ်တစ်စိုက် လုပ်ဆောင်လာ ခဲ့ကြ ရာတွင် မဆင်မခြင် အမှိုက်ပစ်သူ တစ်ချို့ကြောင့် ယခုကဲ့သို့ မိုးများသည်းထန်စွာ ရွာသွန်းပါက အမှိုက် များ ပိတ်ဆို့တတ်ပြီး လမ်းမများပေါ်နှင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသဖြင့် စည်ပင်သာယာရေးဌာနမှ အချိန်မီလျင်မြန်စွာ ဖယ်ရှားရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအဝင် မဟာမြတ်မုနိဘုရားကြီးကျောင်းရှေ့ လမ်းမ တစ်လျှောက် ဈေးသည်များမှ စနစ်တစ်ကျ ဈေးရောင်းချနိုင်ရေး စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများက လိုက်လံကြည့်ရှုကာ လိုအပ်သည် များကို ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရှိ ရသည်။ မြို့မဈေးအဝင် မဟာမြတ်မုနိဘုရားကြီး ကျောင်းရှေ့တွင် တစ်ချို့သော ဈေးသည်များ သတ်မှတ်နေရာမှ လမ်းပေါ်သို့ ရောင်းချမှုများရှိရာ ဈေးဝယ်လာသော ပြည်သူများ စိတ်အနှောက် အယှက်ဖြစ်ရသည်ကို တွေ့ရှိရသဖြင့် ဈေးသည်များက သတ်မှတ်နေရာမှ ကျူးကျော် ရောင်းချမှု မရှိ စေရေး သတ်မှတ်နေရာတွင်စနစ်တစ်ကျရောင်းချနိုင်စေရေး နေရာသတ်မှတ်ပေးခြင်းနှင့် အသိပေး ရှင်း လင်းခြင်း၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ဈေးကြီး ၉ ခုရှိရာ ဝမ်ကောင်းမြို့မဈေးသည် တာချီလိတ်မြို့၏ ပထမဆုံးသောဈေး ဖြစ်ပြီး မြို့လယ်တွင်တည်ရှိကာ အစည်ကားဆုံးသောဈေး ဖြစ်ကြောင်းသိရသည်။
ယာဆေး(ပြန်/ဆက်)