စမ်းချောင်း ဩဂုတ် ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် စီမံကိန်းလုပ်ငန်းများရေးဆွဲ အကောင် အထည် ဖော်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နေ့လယ် (၁)နာရီက လင်း/လွန်း(တောင်)ရပ် ကွက် Community Centre ခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များက (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်/ တိုင်းဒေသ ကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၏ ပြီးစီးမှုအခြေအနေနှင့်ဆောင်ရွက် ရန်ကျန်ရှိသည့် လုပ်ငန်း အခြေအ နေများအား ဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကသိရှိလိုသည့် အခြေအနေများ ကို အပြန် အလှန် မေးမြန်းဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရသည်။
ထူးထက်(ပြန်/ဆက်)