ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်

ပန်လုံ  ဩဂုတ် ၁၅

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများသည်  ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့မဈေးတွင် နှာခေါင်းစည်း(MasK) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပန်လုံဈေးသို့ လာရောက်သော ပြည်သူများအနေဖြင့် ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ အပြင်ထွက် သွားလာတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာ နေထိုင်‌ရေး၊ မလိုအပ်ပဲအပြင်ထွက်သွားလာခြင်းမပြု‌ရေး၊ လူစုလူဝေးကိုရှောင်ကြဉ်ရေးတို့ကို သိရှိလိုက်နာဆောင်ရွက်သွားရန် ပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(MasK) များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပန်လုံပြန်/ဆက်