ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိဇီ၀ကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဆေးလာရောက်ကုသမည့် လူနာများအနေဖြင့် Hotline ဖုန်းစနစ်ဖြင့် ကြိုတင်စာရင်း ပေးသွင်းနိုင်မည် 

ရန်ကုန် ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဇီ၀ကယဉ်ကျေးမှု ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဆေးလာရောက်ကုသမည့် လူနာများ အနေဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ Hotline ဖုန်း စနစ်ဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။

ရှေးဦးစွာ စာရင်းပေးသွင်းမည့် သူများအနေဖြင့် Hotline နံပါတ် ၀၉၇၉၃၆၁၆၃၉၃ အား နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း ဖုန်းခေါ်ဆိုကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး စာရင်းပေးသွင်းပြီးသည်နှင့် လက်ခံနိုင်မှုရှိမရှိအား (၂၄)နာရီအတွင်း ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့သို့စာရင်းပေးသွင်းသူများအား သမားတော်ဆရာဝန်ကြီးများအဖွဲ့မှ စီစစ်ပြီး စင်တာ၏ ဆေးကိရိယာများ၊ ကုသပေးနိုင်မှုအပေါ် မူတည်၍ လူနာများအား လက်ခံလျက်ရှိသည်။

အဆိုပါကုသရေး စင်တာသို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြားသော မြို့နယ်များမှလည်း Hotline ဖုန်း စနစ်ဖြင့် ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)